သာပေါင်း  ၁၂ ဩဂုတ် 


"အမျိုးသား ငါးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး၊ ငါးသယံဇာတ တိုးပွားနိုင်ရေး၊ ဒေသတွင်း ငါးစားသုံးမှု ဖူလုံစေရေးနှင့် သားစဉ်မြေးဆက် ငါးပေါများစွာ စားသုံးနိုင်ရေး" အတွက် ရည်ရွယ်ချက်ဖြင့် အင်း၊ သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ ၁၅၀ဝ၀ဝ၊ ငါးခုံးမ ကောင်ရေ ၁၅၀ဝ၀ဝ တို့ကို သာပေါင်းမြို့၊ ရပ်ကွက်(၁)၊ ကျွန်းကလေးလမ်း၊ ကမ်းထိန်းနံရံပေါ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းကို၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးမျိုးသိမ်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က ငါးမျိုးများစိုက်ထည့်ခဲ့ကြသည်။


မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)

 

12