၄ ဖေဖော်ဝါရီ

 

ဂျပန်ကားကုမ္ပဏီ နီဆန်း က X-Trail SUVအမျိုးအစားထုတ်လုပ်ဖို့အတွက် မူလက ရည်ရွယ်ထားတဲ့ အင်္ဂလန်ရဲ့ အရှေ့မြောက်ပိုင်းမှာ ရင်းနှီးမြုပ်နှံမယ် အစီအစဉ်ကို မနေ့က ပယ်ဖျက်ကြောင်း ကြေငြာလိုက်ပါတယ်။


 
နီဆန်းရဲ့ ဥရောပရုံးဥက္ကဌ က “ဗြိတိန်နဲ့ ဥရောပရဲ့ အနာဂတ်ဆက်ဆံရေးက ဘယ်လိုရှိမယ်ဆိုတာ မသိတဲ့အတွက်  စီးပွားရေးလုပ်ငန်း ပယ်ဖျက်လိုက်ရတာဖြစ်တယ်။ ဗြိတိန်က လုပ်သားထုနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ စိတ်ဆိုးမယ်ဆိုတာ သိကြောင်း နဲ့ နီးဆန်းကား ကုမ္ပဏီရဲ့ ကားထုတ်လုပ်ရာ ဆန်းဒါးလန်း ဒေသကိုလည်း သူတို့အနေနဲ့ အပြည့်အဝ ယုံကြည်မှုရှိကြောင်း” ပြောဆိုပါတယ်။ 

 

၂၀၁၆ ခုနှစ်က X-Trail SUVအမျိုးအစားထုတ်လုပ်ဖို့အတွက် နီဆန်းက ဆန်းဒါးလန်းရှိ နီဆန်းကားထုတ်လုပ်ရေးမှာ ထုတ်လုပ်ဖို့ပြင်ဆင်ခဲ့ပေမယ့် အခုတော့ ဂျပန်နိုင်ငံ ကျူရှူးဒေသမှာ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ 

 

နီဆန်းက နောက်ထပ်ထုတ်လုပ်ဖို့ရှိတဲ့ Juke နှင့် Qashqai အမျိုးအစားတွေကိုတော့ နီဆန်း ဆန်းဒါးလန်းမှာ ထုတ်လုပ်မယ်လို့ သိရပါတယ်။ 

 

ဒေသလွှတ်တော်အမတ်က “နီဆန်းကုမ္ပဏီအပေါ် မှီခိုနေတဲ့ အလုပ်သမားတွေရှိနေတဲ့အတွက် ဒီသတင်းက အရှေ့မြောက်ဒေသရဲ့ စီးပွားရေးအတွက် ကောင်းတဲ့ သတင်းမဟုတ်ဘူး”လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထား ပါတယ်။ 

 

နီဆန်းကားကုမ္ပဏီက ဆန်းဒါးလန်းဒေသခံတွေကို  အလုပ်ပေးနေတဲ့ အဓိက လုပ်ငန်းဖြစ်ပါတယ်။ ဒီဒေသက ဘရစ်ဇစ် (Brexit) ဆန္ဒခံယူပွဲမှာ ဥရောပသမဂ္ဂကနေ ဗြိတိန် ထွက်ခွာမယ်ဘက်ကို မဲပေးခဲ့သူတွေ များခဲ့ပါတယ်။ 

 

နီဆန်းကုမ္ပဏီက ဆန်းဒါးလန်းမှာ လူပေါင်း ၇၀ဝ၀ ထောင်လောက်ကို အလုပ်ပေးထားတဲ့ ဥရောပမှာ အကြီးဆုံး ကားထုတ်လုပ်ရေး စခန်းဖြစ်ပါတယ်။ နီဆန်းက ဆန်းဒါးလန်းကားထုတ်လုပ်ရေးစခန်းကနေ ၁၉၈၆ ခုနှစ်ကတည်းစတင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP