၂၄ ဇူလိုင်

ဂျပန်နီဆန်းကားကုမ္ပဏီက ကမ္ဘာတစ်ဝန်းရှိ သူ့ကုမ္ပဏီ အလုပ်သမား တစ်သောင်းကျော်ကို အလုပ်ကရပ်ဆိုင်းဖို့ရှိကြောင်း ကုမ္ပဏီသတင်းရပ်ကွက်ကိုးကားပြီး ဂျပန်သတင်းတွေက  ဒီကနေ့ ရေးသားထားပါတယ်။

အလုပ်ရပ်ဆိုင်းမှုတွေဟာ တောင်အမေရိကနိုင်ငံတွေနဲ့ တခြားဒေသတွေရှိ နီဆန်းကားထုတ်လုပ်ရေးတွေက အလုပ်သမားတွေ ဖြစ်နိုင်ချေရှိတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

ကမ္ဘာတစ်ဝန်းရှိ နီဆန်းကုမ္ပဏီ လုပ်သား ၁၃၉,ဝ၀ဝ ဦး ထဲကနေ  အလုပ်သမား ၄၈၀ဝ ကိုလည်း ပြီးခဲ့တဲ့ မေလက အလုပ်ကရပ်ဆိုင်း ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်နီးပါးမှာ နီဆန်းရဲ့ အမြတ်ငွေဟာ ကျဆင်းလာတယ်။ နီဆန်းက လာမယ့် ၁၂ လ အတွင်းမှာ စီးပွားရေးဟာ အခက်အခဲတွေနဲ့ ကြုံနိုင်တယ်လို့ သတိပေးချက်ကလည်း ထွက်ထားပြီး ဖြစ်ပါတယ်။

မနက်ဖြန် (ကြာသပတေးနေ့) တွင် ကျင်းပမယ့် နီဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီနှစ်ရဲ့ပထမလေးလစာ ဝင်ငွေကို ပြောကြားမှာဖြစ်တယ်။ အဲဒီမတိုင်ခင်ဘာမှမပြောကြားဘူးလို့ နီဆန်းရဲ့ ပြောခွင့်ရသူ ကိုဂျီအိုကူဒါက AFP ကို ပြောပါတယ်။

နီဆန်းဥက္ကဌဟောင်းရဲ့ ငွေကြေးအလွဲသုံးစားမှုအပြီးမှာ  အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ နီဆန်းကားရောင်းအား ကျဆင်းခဲ့ပါတယ်။

MDN
ကိုးကား -AFP