ကိုရီးယားကျွန်းဆွယ်အရေး နှင့် ပတ်သက်ပြီး တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် အချင်းချင်း နီးကပ်စွာ ဆက်သွယ်ရန် သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြောက်ကိုရီးယားနိုင်ငံတွင် သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေပြီး တနင်္လာနေက ပြုံးယမ်းတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ ဝန်ကြီးဌာန၏ အဆိုအရ နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် နှစ် ၇၀ မြောက်ဖြစ်ပြည့် မြောက်ပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး ၎င်းတို့၏ ဖော်ရွေစွာဆက်ဆံမှုနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အဆိုပြုထားလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံက ချစ်ကြည်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှာလျက်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံမှလည်း ရပ်တည်ချက်မပြောင်းလဲပဲ ရှိနေကြောင်း ရီယောင်ဟိုက ပြောကြားခဲ့သည်။
ဟောင်ကောင်မှာ ဖြစ်ပျက်နေသည့် အစွန်းရောက်ဆန္ဒပြပွဲများအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အနေအထားကို ထောက်ခံကြောင်း ပြည်ပရေးရာများတွင် ဝင်ရောက်စွက်ဖက်ရန် မသင့်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ဆွေးနွေးပွဲ ရပ်တန့်နေချိန်တွင် ဆွေးနွေးပွဲပြုလုပ်ခြင်းသည် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံအပေါ် သြဇာလွှမ်းမိုးလျက်ရှိကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်