ဖေဖော်ဝါရီ ၂၈

နီပေါနိုင်ငံ ခတ္တမန္ဒူတောင်ကြားတွင် ခုနစ်လကျော်ကာလအတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွားမှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် ၁၁၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

လွန်ခဲ့သောခုနစ်လခွဲအတွင်း မတော်တဆမှု ၆၅၈၁ ကြိမ်ဖြစ်ပွားခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိသူ ၁၅၂ ဦး ရှိသည်ဟု ထိုတောင်ကြားယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောကြားသည်။ မတော်တဆဖြစ်ပွားမှုများတွင် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသူ ၄၅၂၆ ဦးရှိသည်ဟု ၎င်းအဖွဲ့ကထပ်လောင်းပြောသည်။

မော်တော်ဆိုင်ကယ်မတော်တဆမှု ၃၇၂၇ ကြိမ်၊ မော်တော်ယာဉ်မတော်တဆမှု ၁၇၄၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလလယ်ပိုင်းမှ ဖေဖော်ဝါရီလလယ်ပိုင်းအထိ ယာဉ်မတော်တဆဖြစ်ပွားမှု ၂၉၀၆ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၉၉ ဦး ရှိသည်ဟု နီပေါရဲတပ်ဖွဲ့ကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို