မေ ၂၂

 

နီပေါနိုင်ငံအနောက်ဘက်စွန်းရှိ ဘာဂျဟတ်ခရိုင်တွင် ယမန်နေ့က နှင်းထုပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားနှစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။

 

ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်က နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ရာ ပိုးကောင်မှိုကောက်ယူသူငါးဦးအနက် နှစ်ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

 

နှင်းထုပြိုကျမှုကြောင့် နှစ်ဦးပျောက်ဆုံးနေသဖြင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ဆောင်ရန်အတွက် တပ်ဖွဲ့ဝင်များကို ဖြန့်ချထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

နီပေါနိုင်ငံတွင် အလားတူနှင်းထုပြိုကျခြင်းသည် ယခုလအတွင်း  တတိယအကြိမ်မြောက်ဖြစ်သည်။ ယခုလအစောပိုင်းက ခရိုင်နှစ်ခုတွင် နှင်းထုပြိုကျမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ပိုးကောင်မှိုကောက်သူ ခုနစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို