ဇူလိုင် ၈

နီပေါနိုင်ငံမြောက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ယနေ့အစောပိုင်းတွင်  ၁၈ ဦး ထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။

ရာဆုဝါဂါဒီနယ်စပ်ဂိတ်တွင် ရေကြီးရေလျှံမှုကြောင့် ပျောက်ဆုံးနေသူ ၁၈ ဦးထက်မနည်းရှိသည်ဟု ရာဆုဝါခရိုင်ရဲတပ်ဖွဲ့၏ရဲအုပ်က ပြောကြားသည်။

အဆိုပါရေကြီးမှုများကြောင့် ပျောက်ဆုံးနေသူအများစုသည် ထိုနယ်စပ်အနီး ကုန်းတွင်းဆိပ်ကမ်းတွင် အလုပ်လုပ်နေသူများ ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုနယ်စပ်ဂိတ်ရှိ တံတားတစ်စင်းနှင့် ကုန်းတွင်းဆိပ်ကမ်းတွင် ရပ်ထားသောလျှပ်စစ်ကားအများအပြား ရေစီးဖြင့်မျောပါသွားကြောင်း ၎င်းကပြောကြားသည်။ နီပေါနိုင်ငံသည် နှစ်စဉ်မုတ်သုံမိုးများရွာသွန်းမှုနှင့် ကြုံတွေ့ရလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို