ဇန်နဝါရီ ၆

နီပေါနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လလယ်ပိုင်းမှ ဒီဇင်ဘာလလယ်ပိုင်းအတွင်း တောရိုင်းတိရစ္ဆာန်များတိုက်ခိုက်ခံရမှုကြောင့် ၈၃ ဦးသေဆုံးခဲ့ပြီး အခြား ၅၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နီပေါရဲတပ်ဖွဲ့က ယနေ့တွင်ပြောကြားသည်။

အဆိုပါကာလအတွင်း မြွေကိုက်ခံရမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီး ဒဏ်ရာရရှိသူ ၅၃၂ ဦး ရှိကြောင်း၊ တောရိုင်းဆင်တိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကြံ့များတိုက်ခိုက်မှုကြောင့် လေးဦးသေဆုံးပြီး အခြား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝက်ဝံတိုက်ခိုက်မှုကြောင့် ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ကျားသတ္တဝါတိုက်ခိုက်မှုကြောင့် သုံးဦးထက်မနည်းသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို