ဇွန် ၁၄
နီပေါနိုင်ငံအရှေ့မြောက်ပိုင်း Taplejung ခရိုင်တွင် ယမန်နေ့ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ မိသားစုဝင်လေးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။ အဆိုပါမြေပြိုမှုကြောင့် Phaktanglung ကျေးလက်ဒေသရှိ အပျက်အစီးအောက်တွင် ၎င်းတို့၏နေအိမ် နစ်မြုပ်သွားခဲ့ပြီးနောက် ဇနီးမောင်နှံနှစ်ဦးနှင့် ၎င်းတို့၏အမွှာ သမီးနှစ်ဦး သေဆုံးခဲ့သည်။
ထိုမြေပြိုမှုဖြစ်ပွားရာနေရာမှာပင် မိသားစုဝင်လေးဦးစလုံးသေဆုံးသွားခဲ့သည်။ ၎င်းလေးဦး၏အလောင်းများကို ယနေ့မနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းကျေးလက်ဉက္ကဌက ပြောကြားသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုတွင် ၎င်းမိသားစု၏ကြက်သားပေါက် အကောင်ရေတစ်ဒါဇင်နှင့် ဆိတ်ကောင်ရေ ၅၀ ခန့်လည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။
နီပေါနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလေ့ရှိရာ ယခုနှစ်တွင် လူပေါင်း ၁ ဒသမ ၈ သန်းကျော် သဘာဘေးသင့်နိုင်သည်ဟု နီပေါအာဏာပိုင်များက ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို