အောက်တိုဘာ ၈
နီပေါနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၅၁ ဦးအထိ ရှိလာကြောင်း အစိုးရအဖွဲ့အအေဂျင်စီက ယမန်နေ့ကပြောကြားသည်။
အဆိုပါသေဆုံးသူများအနက် ၃၈ ဦးသည် မြေပြိုမှုကြောင့်ဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် ၁၀ ဦးနှင့် မိုးကြိုးပစ်ခံရမှုကြောင့် သုံးဦးတို့ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ဖော်ပြထားသည်။
ရေကြီးရေလျှံမှုမှငါးဦးအပါအဝင် ခြောက်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြား ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ခရိုင် ၁၅ ခုမှ လူပေါင်း ၁၃၃၇ ဦးကိုကယ်ဆယ်နိုင်ခဲ့သည်ဟု နီပေါတပ်မတော်က ဆိုသည်။ အဝေးပြေးလမ်းများနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစခန်းများအပါအဝင် နီပေါရှိ အခြေခံအဆောက်အအုံများလည်း အောက်တိုဘာ ၃ ရက်နေ့ညနေပိုင်းမှစကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


