ခတ္တမန္ဒူ    မတ်   ၈

နီပေါနိုင်ငံရွေးကောက်ပွဲ၌ Rastriya Swatantra Party (RSP) ပါတီအကြီးအကဲ ဘာလန်ဒရာရှာက နီပေါကွန်မြူနစ်ပါတီ (UML)၏ ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ဟောင်း ရှာမာအိုလီကို ထောက်ခံမဲအသာစီး ဖြင့် အနိုင်ရရှိခဲ့ကြောင်း နီပေါရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် တရားဝင်ကြေညာခဲ့သည်။

ခတ္တမန္ဒူ မြို့တော်ဝန်ဟောင်း ဘာလန်ဒရာရှာက ထောက်ခံမဲ ၆၈၃၄၈ မဲ ရရှိခဲ့ပြီး ရှာမာအိုလီက ထောက်ခံမဲ ၁၈၇၃၄ မဲသာ ရရှိခဲ့သည်။

ဘာလန်ဒရာရှာက ခတ္တမန္ဒူမြို့တော်၌ မွေးဖွားကြီးပြင်းခဲ့သော်လည်း ရှာမာအိုလီ၏ မွေးရပ်ဒေသဖြစ်သော ဂျေဟာပါမြို့ မဲဆန္ဒနယ် အမှတ်(၅) ၌ ဝင်ရောက်ရွေးချယ် ယှဉ်ပြိုင်ခဲ့သည်။

RSP ပါတီက မတ် ၅ ရက်တွင် ကျင်းပခဲ့သော အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရနိုင်ဖွယ်ရှိသည်။

အနိုင်ရရှိထား

လက်ရှိအချိန်အထိ မဲဆန္ဒနယ် ၇၈ နေရာအနက် ၆၂ နေရာကို RSP ပါတီက   အနိုင်ရရှိထားကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်