ခတ္တမန္ဒူ   နိုဝင်ဘာ   ၅

ယခုနှစ်  ပထမ  ၁၀ လအတွင်း နီပေါနိုင်ငံသို့   နိုင်ငံခြားခရီးသွား တစ်သန်းနီးပါး  လာရောက် လည်ပတ်ကြောင်း   နောက်ဆုံးထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြထားသည်။

အောက်တိုဘာလအထိ နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်သူအရေအတွက် စုစုပေါင်း ၉၆၀၀၂၂ ဦး ရှိပြီး ယမန်နှစ်အလားတူကာလကထက် ၁၅ ဒသမ ၆၆ ရာခိုင်နှုန်း မြင့်တက်လာ ကြောင်း နိုဝင်ဘာ ၅ ရက်တွင် နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ထုတ်ပြန်သော အချက်အလက် အရ သိရသည်။

အောက်တိုဘာတစ်လတည်းတွင်   နီပေါနိုင်ငံသို့   နိုင်ငံခြား ခရီးသွားဝင်ရောက်သူ ၁၂၄၃၉၃ဦး ရှိပြီး ယမန်နှစ် အောက်တိုဘာလကထက် ၆ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စက်တင်ဘာလ နောက်ဆုံးပတ်က   မိုးရွာသွန်းမှု နှင့်ဆက်စပ်သော ဘေးအန္တရာယ်များကြောင့်   ခရီးသွားအများစု သည် အောက်တိုဘာလအတွင်း ၎င်းတို့၏ ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရသည်ဟု ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ညွှန်ကြားရေးမှူး မာနီရာဂျီ လာမင်ရှဟာနီ က ဆင်ဟွာသို့ ပြောသည်။

စက်တင်ဘာလနှောင်းပိုင်းတွင် နီပေါနိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံမှုနှင့်   မြေပြိုကျမှုများဖြစ်ပွားကာ   လူပေါင်းရာနှင့်ချီ သေဆုံးမှုဖြစ်ပွားခဲ့သည်။ နီပေါ နိုင်ငံ၌    ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားငွေအဓိကရှာဖွေပေးသော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။                                                     

ဆင်ဟွာ