မတ် ၃
နီပေါနိုင်ငံတွင် ယခုနှစ်ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားခရီးသွား ၉၆၈၈၀ ဝင်ရောက်မှုရှိရာ ၂၀၂၄ ခုနှစ် အလားတူလက နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် သုညဒသမခြောက်ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ယမန်နေ့ကပြောကြားသည်။
နီပေါနိုင်ငံသို့နိုင်ငံခြားခရီးသွားဝင်ရောက်မှုအများဆုံးထိပ်တန်းသုံးနိုင်ငံမှာ အိန္ဒိယ၊ အမေရိကန်နှင့်တရုတ်နိုင်ငံတို့ဖြစ်သည်ဟု ထိုအဖွဲ့က ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံခြားခရီးသွား ၁၀၂၄၂၃ ဦး ဝင်ရောက်မှုရှိရာ နိုင်ငံခြားခရီးသွားဝင်ရောက်မှု အမြင့်မားဆုံးလ တစ်လဖြစ်သည်ဟု သိရသည်။
ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံနိုင်ငံခြားငွေလဲလှယ်နှုန်းရရှိမှု၏အဓိကရင်းမြစ်ဖြစ်ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၆ ဒသမ ၇ ရာခိုင်နှုန်းကို ပံ့ပိုးပေးထားသည်ဟု ၂၀၂၂ ခုနှစ် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို