ဇွန် ၃

နီပေါနိုင်ငံသို့ မေလအတွင်း နိုင်ငံခြားခရီးသွား ၈၆၂၁၆ ဦးလာရောက်လည်ပတ်မှုရှိရာ ယခင်နှစ်ကနိုင်ငံခြားခရီးသွားလာရောက်မှုထက် ၄ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျသွားကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ယမန်နေ့ကပြောကြားသည်။

တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ ခရီးသွားများလာရောက်လည်ပတ်မှုပိုမိုများပြားသော်လည်း မေလအတွင်း အိန္ဒိယခရီးသွားလာရောက်မှုအရေအတွက်သိသိသာသာကျဆင်းလာသည်ဟု ထိုအဖွဲ့က ဖော်ပြထားသည်။

လွန်ခဲ့သောလက အိန္ဒိယခရီးသွားလာရောက်သူဉီးရေ ၂၈၁၆၀ သာရှိပြီး ၂၀၂၄ ခုနှစ် မေလက ၃၈၂၈၈ ဦး ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်သူစုစုပေါင်း ၅၀၁၂၆၄ ဦးရှိသည်ဟု ၎င်းအဖွဲ့၏ပြောကြားချက်အရသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို