နီပေါနိုင်ငံတွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံး

၂  ဧပြီ

 


နီပေါနိုင်ငံတောင်ပိုင်းတစ်လျောက် အင်အားပြင်းထန်သော မိုးကြိုးမုန်တိုင်းကျရောက်မှုကြောင့် လူပေါင်း ၂၇ ဦး သေဆုံးပြီး ၆၀ဝကျော် ဒဏ်ရာရရှိခဲ့သည်။

 

ိိ

 

တနင်္ဂနွေနေ့ ညပိုင်းတွင် နီပေါနိုင်ငံတောင်ပိုင်းဒေသများတွင် လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကြောင်း အိမ်များ၊ လမ်းမီးတိုင်များနှင့် သစ်ပင်များ ပြိုလဲခဲ့ရသည်။

 

ိိ

 

အဆိုပါ ဒေသတွင်ရှိသည့်  အိမ်များမှာ  အုတ်နှင့်ဝါးကဲသို့သော ပစ္စည်းများဖြင့် တည်ဆောက်ထားသဖြင့် မုန် တိုင်းဒဏ်ခံနိုင်ရည်မရှိပေ။ လူအတော်များများလည်း  ပျောက်ဆုံးလျက်ရှိပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပျောက် ဆုံးသူများကို ရှာဖွေလျက်ရှိသည်။

 

sgewf

 

အဆိုပါ ဒေသသည် ဇွန်လမှ ဂျူလိုင်လအထိ မုတ်သုန်ရာသီဖြစ်ပြီး ထိုကာလတွင်း ထိခိုက်သေဆုံးမှုများ မကြာ ခဏ ဖြစ်ပေါ်လျက်ရှိသည်။ ထိုဒေသတွင် မုတ်သုန်ရာသီမစမီတွင် ပြင်းထန်သည့် မုန်တိုင်းခံရသော်လည်း ယခု လိုဖြစ်ရပ်မျိုးမှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်