နေပြည်တော် ၁၈ အောက်တိုဘာ
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရေတစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပြင်ဉီးလွင်မြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်၊၊
နီပေါသမ္မတ သည် နိုင်ငံတော် သမ္မတ ဉီးဝင်းမြင့် ၏ တရားဝင်ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး၊ နီပေါ-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှုနှစ် (၆၀) ပြည့် အခမ်းအနား များနှင့်အတူ ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့အတွက် နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်နှင့် ယမန်နေ့က တွေ့ဆုံစဉ်ဆွေးနွေးခဲ့သည်၊၊
MDN


