နီပေါတွင် မိုးသည်းထန်ကာ မြေပြိုမှုများဖြစ်ပွားလူ ၁၁ ဦး သေဆုံး

ခတ္တမန္ဒူ ၁၃ ဇူလိုင်     

 


နီပေါနိုင်ငံတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးထက်မနည်းသေဆုံးကာ  အခြားလူခုနစ်ဦး  ပျောက်ဆုံးနေကြောင်း၊  မိုးသည်းထန်စွာ ရွာသွန်းမှုများသည်   လွန်ခဲ့သည့်နှစ်ရက်မှစ၍ နိုင်ငံအတွင်း မတူခြားနားသည့်ဒေသများ၌ ဖြစ်ပွားနေကြောင်း နီပေါအစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။

 


မိုးရေချိန်စံချိန်ချိုးမြို့တော် ခတ္တမန္ဒူ၏ အချို့သောအစိတ်အပိုင်းများတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်စံချိန်သစ်များ ရရှိခဲ့ကြောင်း နီပေါဇလဗေဒနှင့် မိုးလေဝသဌာနက ပြောကြားသည်။

 


လွန်ခဲ့သည့် နှစ်ရက်အတွင်းက မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ  လူနေအိမ်အလုံး ၅၀ဝ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု နီပေါအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

 


လမ်းပိတ်ဆို့မှုဖြစ်ပေါ် နီပေါနိုင်ငံ၏အဓိကကျသော အဝေးပြေးလမ်းမကြီးအပါအဝင်ဖြစ်သည့် နိုင်ငံအရှေ့နှင့်အနောက် ဆက်သွယ်သည့်လမ်းပိုင်းတွင် ရေကြီးရေလျှံမှုများနှင့်ဆက်နွှယ်သည့် မတော်တဆ ဖြစ်ရပ်များကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်ဟု ဒေသတွင်းသတင်းများ၌ ဖော်ပြသည်။

 


မုတ်သုံရာသီ၏သက်ရောက်မှုများကြောင့် နီပေါနိုင်ငံအတွင်း နောက်ထပ်သုံးရက်ခန့်အတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ခန့်မှန်းပြောကြားသည်။  

 


ဆင်ဟွာ