နီပေါဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည်

 

ခတ္တမန္ဒူ၊ စက်တင်ဘာ  ၂၁

 

တရုတ်ဝန်ကြီးချုပ်  လီချင်း၏ ဖိတ်ကြားချက်ဖြင့် နီပေါဝန်ကြီးချုပ် ပွတ်ရှ်ပါကာမယ်လ် ဒါဟယ်ပရာချန်ဒါသည် တရုတ်နိုင်ငံသို့ စက်တင်ဘာ ၂၃ ရက်မှ ၃၀ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူ  မော်နင်က စက်တင်ဘာ ၂၁ ရက်က ကြေညာခဲ့သည်။

 

ပရာချန်ဒါသည် တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးပြီး တရုတ်-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် အရေးကြီးသော ပါဝင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း မော်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နီပေါဝန်ကြီးချုပ် ပရာချန်ဒါကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း မော်က ပြောသည်။ တရုတ်ဝန်ကြီးချုပ် လီနှင့် ထိပ်တန်းဥပဒေပြုသူ ကျောင်လီဂျေ တို့သည် နီပေါဝန်ကြီးချုပ်နှင့် သီးခြားတွေ့ဆုံမည်ဖြစ်သည်။

 

နှစ်နိုင်ငံခေါင်းဆောင်များသည် ရှေးအစဉ်အဆက်ကျင့်သုံးလာသည့် ထုံးတမ်းစဉ်လာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် အမြင်ချင်းဖလှယ်သွားမည်ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် ခြင်းများလည်း တိုးချဲ့သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် နီပေါနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး အဆင့်သစ် တစ်ခုအထိ တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း ပရာချန်ဒါသည် ဟန်ကျိုး၌ကျင်းပမည့်  (၁၉) ကြိမ်မြောက်  အာရှအားကစားဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်သည်။ 

           

ဆင်ဟွာ