၈ သြဂုတ်
နီပေါနိုင်ငံအနောက်ပိုင်း တာနာဟွန် ခရိုင်ရှိ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေဖြစ်သည့် ကာမယ်လ်ဘာရီ ကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက တရုတ်ခရီးသွားဧည့်များ တင်ဆောင်လာသော ခရီးသွားကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိကြသဖြင့် တရုတ်ခရီးသွားလေးဦး အပါအဝင် ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရဲတပ်ဖွဲ့နှင့် ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဒဏ်ရာရ တရုတ်ခရီးသွားလေးဦးအနက် သုံးဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တရုတ်ဧည့်လမ်းညွှန်တစ်ဦး ဖြစ်သူ ကုမာရီနရာ ရှရပ်သာ က သတင်းထောက်များကို ယမန်နေ့ညနေပိုင်းက ပြောကြားခဲ့သည်။
အနီးအနားရှိဆေးရုံတွင် တရုတ်ခရီးသွားနှစ်ဦး ဆက်လက်ကုသခံနေရသော်လည်း နှစ်ဦးကိုမူ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။ ယင်းဒဏ်ရာရ တရုတ်ဧည့်ခရီးသွားလေးဦးမှာ အမျိုးသားနှစ်ဦး နှင့် အမျိုးသမီး နှစ်ဦးတို့ ဖြစ်ကြသည်။
မျက်နှာချင်းဆိုင်လမ်းမှ ရုတ်တရက်မောင်းထွက်လာသော ကုန်တင်ကား တစ်စီး၏ အချက်ပြမီးရရှိပြီးနောက် ထိုလမ်းကြောပေါ်တွင် ရပ်တန့်ခဲ့သော တရုတ်ဧည့်ခရီးသွားဘတ်စ်ကားတစ်စီး နှင့် ထိုကုန်တင်ကားတို့ တိုက်မိခဲ့ကြောင်း နှင့် တရုတ်ခရီးသွား ၂၀ ဦးပါဝင်သော ၎င်းခရီးသွားဘတ်စ်ကားသည် ပေါ့ခ်ခါရာမြို့သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း ကုမာရီနရာ ရှရပ်သာ ပြောကြားချက်အရ သိရသည်။
ထိုယာဉ်မတော်တဆဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေကြောင်း တာနာဟွန်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး ဘီနော့ဒ် စီလောလ် က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို