နေပြည်တော်၊ အောက်တိုဘာ ၁၉
မိဘပြည်သူများ ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာရသ စွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့် “နိပါတ်တော်လာ ဇာတ်သဘင် မဟာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ် စနေနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ “ဉမ္မာဒန္တီ” ဇာတ်တော် (အပိုင်း-၁)ကို သဘင်ပညာရှင် ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှုနှင့်အတူ တင်မောင်ဆန်းမင်းဝင်း၊ ဘွန်း၊ ရေကြည်ချမ်းမြ၊ ထက်ကို၊ ဆန်းနေအောင်တို့နှင့်အတူ သဘင် ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက် စနေနေ့ ည ၈ နာရီသတင်းအပြီး ည(၉)နာရီခန့်နှင့် အောက်တိုဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီသတင်းအပြီး ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တို့တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)