နေပြည်တော် ဇန်နဝါရီ ၁၉
မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ လူငယ် လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့် “နိပါတ် တော်လာ ဇာတ်သဘင် မဟာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှစတင်၍ အပတ်စဉ် စနေနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသ လျက်ရှိသည်။
အဆိုပါ အစီအစဉ်မှ “မင်းကုသနှင့်ပပဝတီ” ဇာတ်တော်ကို သဘင်ပညာရှင် ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှု၊ ပဲပုပ်စိန်၊ နန်းခင်မွှေး၊ ဆန်းနေအောင်၊ ပေါက်မဲတို့နှင့်အတူ သဘင်အနုပညာရှင်များက ပါဝင်တင်ဆက်ကြ မည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက် (စနေနေ့) ည ၉ နာရီခန့်တွင် ပြသမည်ဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီခွဲတွင်လည်း ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်