အာဖရိကတိုက်အနောက်ပိုင်း နိုက်ဂျာနိုင်ငံတွင် လောင်စာတင်ယာဉ်တစ်စင်းပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၅၀ကျော် သေဆုံးခဲ့သည်။

နာမီမြို့တော်အနီးတွင် တနင်္ဂနွေနေ့ညက အဆိုပါလောင်စာတင်ယာဉ်မှာ တိမ်းမှောက်ကာ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဓာတ်ဆီများအပြည့်ဖြည့်ထားချိန်ဖြစ်သည်။

ပေါက်ကွဲမှုကြောင့် လူပေါင်း ၅၈ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၃၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုက်ဂျာအစိုးရက ပြောကြားသည်။

 

mdn

 

ယိုကျနေသည့် လောင်စာဆီများကိုယူဆောင်ရန် လောင်စာတင်ယာဉ်အနီးဝနး်ကျင်တွင် လူများစည်ကားလျက်ရှိကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လောင်စာတင်ယာဉ်အနီးဝန်းကျင်တွင် မီးလောင်နေသော ထရပ်ကားများနှင့် မော်တော်ဆိုင်ကယ်တို့ကို အဆိုပါ နေရာမှ ဓာတ်ပုံများက သက်သေပြနေသည်။

အလားတူဖြစ်ရပ်မျိုးများ အာဖရိကနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၂ခုနှစ်ကလည်း ဒေသတွင်း ရေနံအများဆုံး ထုတ်လုပ်သည့် နိုင်ဂျီးရီးယားနိုင်ငံတွင် ယင်းဖြစ်ရပ်မျိုးကြောင့် လူပေါင်း ၉၀ကျော် သေဆုံးခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn