၂၃ အောက်တိုဘာ
နိုက်ဂျီးရီးယားနိုင်ငံတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့ရာတွင် ဆန္ဒပြသူ ၅၆ ဉီး သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က ပြောကြားခဲ့သည်။
လူငယ်တစ်ဉီးအား ရဲမှ သေနတ်ဖြင့် ပစ်ခတ်သည့် ဗွီဒီယိုဖိုင်သည် အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် နှစ်ပတ်အကြာတွင် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
အင်္ဂါနေ့ည အတွင်းက နိုက်ဂျီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သည့် လေဂိုစ့်မြို့၌ ဆန္ဒပြသူ ထောင်ပေါင်းများစွာအား လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်ပေါ်ခဲ့သည်။
ဆန္ဒပြပွဲအတွင်း အနည်းဆုံး လူ ၁၂ ဉီး သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က အောက်တိုဘာလ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
အထောက်အထားများကို ဖုံးကွယ်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့များသည် လုံခြုံရေး ကင်မရာများကို ကြိုတင်ဖယ်ရှားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့က ပြောကြားခဲ့သည်။
လူ့အခွင့်အရေး ချိုးဖောက်သည့် အလားတူ ဖြစ်ရပ်မျိုး ထပ်တလဲလဲ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးရန်အတွက် သေချာသည့် စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်သင့်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။
လေးဂိုစ့်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း မငြိမ်သက်မှုများမှာ ဆက်လက်ဖြစ်ပွား နေလျက်ရှိသည်။
မြို့အနှံ့အပြားရှိ ပြည်သူပိုင် အဆောက်အအုံများမှာ မီးလောင်ကျွမ်းနေခဲ့ပြီး ကြာသပတေးညကအထိ သေနတ်သံများ ကြားနေရဆဲဖြစ်သည်ဟု သိရသည်။
လူဉီးရေ သန်း ၂၀၀ နီးပါး ရှိသည့် နိုက်ဂျီးရီးယားနိုင်ငံက အာဖရိကတိုက်တွင် လူဉီးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ပြီး စီးပွားရေးလည်း ဖွွွွံ့ဖြိုးတိုးတက်မှုလည်း ရှိသည့် နိုင်ငံဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်