၁၄ နိုဝင်ဘာ

 

နိုက်ဂျီးရီးယားနိုင်ငံမှာ အဆုတ်ရောင်ရောဂါကြောင့် နှစ်စဉ် အသက် ၅ နှစ်အောက် ကလေးငယ် ၁၄၀,၀၀၀ ဦး သေဆုံးကြောင်း အစိုးရက ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့မှာ နိုက်ဂျီးရီးယား ကျန်းမာရေးဝန်ကြီးက နှစ်စဉ် မွေးကင်းစကလေးငယ် ၁,၀၀၀ မှာ ၁၃၂ ဦး သေဆုံးကြောင်း၊ ကလေးငယ်တွေဟာ အဆုတ်ရောင်ရောဂါအပါအဝင် တခြားရောဂါတွေနဲ့ သေဆုံးတာဖြစ်ကြောင်း ပြောပါတယ်။

 

ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့အတွက် ကလေးငယ်တွေ ပြုစုစောင့်ရောက်ရေးဖြစ်တဲ့ ကာကွယ်ဆေးထိုးခြင်း၊ အစားထိုး အစားအစာ ကျွေးမွေးခြင်းနဲ့ တခြားဖျားနာရောဂါတွေကို စောစီးစွာ ကုသရေးအတွက် အခက်အခဲဖြစ်လာကြောင်း သိရပါတယ်။

 

အဆုတ်ရောင်ရောဂါဟာ အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးဝင်ရာကနေ အဆုတ်ကို ဒဏ်ဖြစ်စေကြောင်းနဲ့ မသန့်ရှင်းတဲ့လေထဲမှ ဘက်တီးရီးယားနဲ့ မှိုတွေကနေလည်း အဆုတ်ရောင်ရောဂါကို ဖြစ်ပွားစေပါတယ်။

 

အဆုတ်ရောင်ရောဂါဟာ တခြားသော ရောဂါတွေဖြစ်တဲ့ AIDS၊ ငှက်ဖျားရောဂါနဲ့ ဝမ်းရောဂါထက် ကလေးငယ်တွေကို ပိုပြီးသေဆုံးစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောခဲ့ပါတယ်။

 

အဆုတ်ရောင်ရောဂါ ကာကွယ်ရေးကို ကလေးငယ်တွေမှာ ရယူနိုင်မှု အားနည်းတဲ့အတွက် ကလေးငယ်တွေ သေဆုံးရတာ ဖြစ်ပါတယ်။ ကပ်ရောဂါကြာင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ အောက်ဆီဂျင်ပြတ်လပ်မှု ဖြစ်ပွားကြောင်း ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေမှာ အောက်ဆီဂျင်လိုအပ်တဲ့ ကုသမှုကို ငါးဦးမှာ တစ်ဦးတောင် မရရှိနိုင်တာကို လေ့လာတွေ့ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP