အဘူဂျာ ဇန်နဝါရီ ၂၀
နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ဆောင်လာသော ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၈၀ ကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း သမ္မတဘိုလာ တီနူဘူးက အတည်ပြုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုပေးရန် သမ္မတ ဘိုလာတီနူဘူးက သက်ဆိုင်ရာတာဝန်ရှိသူများကို ညွှန်ကြားထားသည်။ နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ယာဉ်ပေါက်ကွဲမှုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ယမန်နှစ် စက်တင်ဘာလတွင် နိုက်ဂျာပြည်နယ် အဝေးပြေးလမ်း၌ စက်သုံးဆီယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၄၉ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဆင်ဟွာ