စက်တင်ဘာ ၉

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းဒေသ နိုင်ဂျာပြည်နယ်ရှိလူစည်ကားရာအဝေးပြေးလမ်းပေါ်တွင် ယမန်နေ့က ဓါတ်ဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ၄၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောသည်။

ထိုလောင်စာဆီတင်ယာဉ်သည် Bida-Agaie-Lapai အဝေးပြေးလမ်းတွင် ကျွဲနွားတိရစ္ဆာန်များတင်ဆောင်လာသော ထရပ်ကားတစ်စီးနှင့် ခေါင်းချင်းဆိုင်တိုက်မိရာ ဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီ အကြီးအကဲက ယင်းပြည်နယ်မြို့တော် မင်နာရှိ သတင်းထောက်များအားပြောသည်။

အဆိုပါယာဉ်နှစ်စီးတိုက်မိမှုကြောင့် လူ ၄၈ ဦး သေဆုံးပြီး ကျွဲနွားတိရစ္ဆာန်ကောင်ရေ ၅၀ ထက်မနည်းလည်း ဆုံးရှုံးခဲ့ရသည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ယာဉ်မတော်တဆဖြစ်ပွားမှုတွင် ပိတ်မိနေသော  ထိခိုက်ဒဏ်ရာရသေဆုံးသူများကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေဆဲဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို