ဇွန် ၄
နိုင်ဂျီးရီးယားနိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ နိုင်ဂျာပြည်နယ်အာဏာပိုင်များက လူနှစ်ရာနီးပါးသေဆုံးပြီး ပျောက်ဆုံးနေသူ ၁၀၀၀ ကျော်ကိုရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
မိုဝါဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူစည်ကားရာဈေးနှင့် စိုက်ပျိုးမွေးမြူရေးမြို့ဖြစ်သောနိုင်ဂျာတွင် ပျက်စီးမှုများဖြစ်ပေါ်ပြီး နေအိမ်ဒါဇင်ပေါင်းများစွာ မျောပါသွားပြီး အချို့မှာ မျောပါသွားရာနေအိမ်များအတွင်းရှိနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက အစောပိုင်းကပြောကြားသည်။
သဘာဝဘေးအန္တရာယ်ကျရောက်ပြီးသီတင်းပတ်တစ်ပတ်နီးပါးအကြာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသော်လည်း လူရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ဂျာပြည်နယ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး ရာကူဘူဂါဘာက ဇွန် ၂ ရက်နေ့နှောင်းပိုင်းက သတင်းထောက်များအားပြောကြားသည်။
ပျောက်ဆုံးနေသူများသည် ရေထဲမျောပါသွားခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူ ၁၀၀၀ ကျော်ရှိသည်ဟု ဂါဘာကပြောကြားသည်။ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ခြေ ၂၀၀၀ ထက်မနည်း ထိခိုက်ခဲ့ကြောင်းနှင့် လမ်းများမျောပါသွားကာ တံတားသုံးစင်းပြိုကျခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို