အဘူဂျာ အောက်တိုဘာ ၁၁

 

နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း အန်းဘရာပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက်လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားသမ္မတ မူဟမ်မက်ဒူ ဘူဟာရီက အောက်တိုဘာ ၉ ရက်က အတည်ပြု ပြောကြားသည်။

 

ကယ်ဆယ်ရေးအေဂျင်စီများသည် အောက်တိုဘာ ၇ ရက် က လှေတိမ်းမှောက်မှုကြောင့် စုစုပေါင်းသေဆုံးသူ စာရင်းကို တရားဝင် သတင်းထုတ်ပြန်ခဲ့ကြောင်း သမ္မတ ဘူဟာရီက အသိအမှတ်ပြုခဲ့ပြီး ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

ခရီးသည် ၈၅ ဦး တင်ဆောင်ထားသည့် အဆိုပါလှေမှာ သောကြာနေ့က အန်းဘရာပြည်နယ် အော့ဘာရူဒေသတွင် တိမ်းမှောက်သွားပြီး အဆိုပါဒေသတွင် ရေကြီးမှုများ မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် နိုင်ဂျီးရီးယားအမျိုးသား ပြည်တွင်းရေကြောင်းအာဏာပိုင်နှင့် အင်န်အီးအမ်အေတို့သည် အန်းဘရာပြည်နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး တာဝန်များကို စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ