နိုဝင်ဘာ ၈
နိုင်ဂျီးရီးယားနိုင်ငံအနောက်တောင်ပိုင်းတွင် ယမန်နေ့အစောပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် လူသုံးဦးထက်မနည်းသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောကြားသည်။
နိုင်ငံ၏အနောက်တောင်ပိုင်း အိုဂန်ပြည်နယ်ရှိ အဝေးပြေးလမ်းမတွင် မီနီဗင်ကားတစ်စီး အရှိန်လွန်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ကြသည်ဟု သိရသည်။
အဆိုပါယာဉ်ပေါ်တွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့လိုက်ပါလာကြောင်းနှင့် ထိုယာဉ်တိမ်းမှောက်ရာနေရာမှာပင် သုံးဦးသေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုယာဉ်တိမ်းမှောက်မှုကြောင့်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ယာဉ်ထိန်းရဲအကြီးအကဲက ပြောကြားသည်။
ယာဉ်မောင်းများအနေဖြင့် ကန့်သတ်ချက်ထက်ကျော်လွန်မောင်းနှင်ခြင်းမပြုလုပ်ကြရန်နှင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့မှကြိုတင်ကာကွယ်ရန် ဘေးအန္တရာယ်ကင်းရှင်းရေးလမ်းညွှန်ချက်များကို ချိုးဖောက်ခြင်းမပြုကြရန် ၎င်းက သတိပေးနှိုးဆော်ထားသည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းများအခြေနေဆိုးရွားခြင်းနှင့် အရှိန်လွန်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို