အဘူဂျာ ဇွန် ၁၄
အာဖရိကတွင် လူဦးရေအထူထပ် ဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ကာလဝမ်း ရောဂါဖြစ်ပွားမှုကြောင့် လူ ၃၀ ထက် မနည်းသေဆုံးကြောင်း ပြည်သူ့ကျန်းမာရေး အာဏာပိုင် များက ဇွန် ၁၃ ရက်တွင် ပြောကြားသည်။
ဇန်နဝါရီလမှစကာ ပြည်နယ် ၃၀ ရှိ ဒေသန္တရအုပ်ချုပ်ရေးဒေသ ၉၆ ခုအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူ ၁၁၄၁ ဦးအနက် အတည်ပြုလူနာ ၆၅ ဦးရှိကြောင်း နိုင်ဂျီးရီးယား ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ(အင်န်စီဒီစီ)က ထုတ်ပြန်ထားသည်။
နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်နယ် ၃၆ ခုအနက် ပြည်နယ် ၁၀ ခုတွင် ကာလဝမ်းရောဂါဖြစ်ပွားသည်ဟု သံသယရှိသူ စုစုပေါင်းအရေအတွက်မှာ ၉၀ ရာခိုင်နှုန်းရှိကြောင်း၊ အနောက် တောင်ပိုင်းပြည်နယ် လာဂို့စ်၌ လွန်ခဲ့သည့်သုံးရက်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားသဖြင့် ငါးဦးထက်မနည်း သေဆုံး ပြီး ဒါဇင်နှင့်ချီကာ ဆေးရုံတက်ရောက်ကုသလျက်ရှိကြောင်း အင်န်စီဒီစီက ပြောကြားသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ အထူးသဖြင့် လူဦးရေထူထပ်သောဒေသများတွင် သောက်သုံးရေလုံလောက် စွာမရှိခြင်းကြောင့် ကာလဝမ်းရောဂါမကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဆင်ဟွာ