၂၁ သြဂုတ်


နိုင်ဂျီးဂျီးယားနိုင်ငံ အလယ်ပိုင်း နာဆာဝါ ပြည်နယ်အတွင်း အင်္ဂါနေ့ညက ပြည်နယ်အုပ်ချုပ်ရေးမှူးယာဉ်တန်းကို အမည်မသိ သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ကားမောင်းသမားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 


အဘူးရာမြို့တွင် ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်မည့် ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန်  သွားရောက်နေသည့် နာဆာဝါ၏ လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်သူ အီမန်နူရယ် အာကဗီသည် လမ်းတွင် အဆိုပါ တိုက်ခိုက်မှုခံရခြင်းဖြစ်သည်။ 


ပြည်နယ် ရဲချုပ်နှင့် အကြီးတန်းအရာရှိများ  အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့ကြောင်း အဆိုပါ အဖြစ်အပျက်ကို အတည်ပြုခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Othman Ismaeelက ဆင်ဟွာသို့ ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

 

1