အန်ကာရာ ၂၂ ဇူလိုင် 

 


နိုင်ဂျီးရီးယားနိုင်ငံတွင် တူရကီနိုင်ငံသားလေးဦးအား လက်နက်ကိုင်လူတစ်စုက  ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံပိုင် အာနာဒိုလု သတင်းဌာနက သတင်းထုတ်ပြန်သည်။

 

ဇူလိုင် ၁၉ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီတွင်နိုင်ငံအနောက်ပိုင်းရှိ အီလိုရင်ပြည်နယ်၌ လက်နက်ကိုင်လူတစ်စုက  တူရကီနိုင်ငံသားလေးဦးကို    ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 

ယခုလအစောပိုင်းက တူရကီလူမျိုး သင်္ဘောသား ၁၀ ဦးသည် ကင်မရွန်းနိုင်ငံ ဆိပ်ကမ်းမြို့ ဒိုယုလာမှအိုင်ဗရီကို့စ်နိုင်ငံ အဘီဒါဂျန်မြို့သို့ ဦးတည်ခုတ်မောင်းသွား နေစဉ်  နိုင်ဂျီးရီးယားကမ်းလွန်ပင်လယ်ပြင်၌ လက်နက်ကိုင်ပင်လယ်ဓားပြများက ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 

ယခုအချိန်ထိတိုင် နိုင်ဂျီးရီးယားနိုင်ငံ၌  ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော တူရကီနိုင်ငံသားအရေအတွက်မှာ ၁၄ ဦးခန့်ရှိပြီဖြစ်သည်။          

               

ဆင်ဟွာ