၂ ဖေဖော်ဝါရီ

 

နိုင်ဂျီးရီးယား နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း  ကျန်းမာရေးဝန်ထမ်း ၇၅ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသဖြင့် စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း ကျန်းမာရေး အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

နိုင်ဂျီးရီးယားရောဂါ ထိန်းချုပ်ရေး စင်တာမှ ညွှန်ကြားရေးမှူးချုပ် Chikwe Ihekweazu က ကျန်းမာရေး ဝန်ထမ်းများအား ပိုမိုကောင်းမွန်စွာ အကာအကွယ်ပေးနိုင်ရန် အားထုတ်လုပ်ဆောင်သွားမည်ဟု သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

 

နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေး စင်တာက လာမည့်လအတွင်း ကိုဗစ်ရောဂါ ရှာဖွေစစ်ဆေးရေး ကိရိယာများကို  လျင်မြန်စွာဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း Ihekweazu က ပြောကြားသည်။

 

ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ထိုကိုဗစ်ရောဂါ ကူးစက်မှုနှင့် ပတ်သက်ပြီး သတိကြီးကြီး ထားကြရန်နှင့် ၎င်းတို့တွေ့သမျှ ကိစ္စရပ်တိုင်းကို သံသယထားကြရန် ၎င်းက အကြံပြုထားသည်။

 

နိုင်ဂျီးရီးယား ဆေးပညာအသင်းက ဒီဇင်ဘာလ သီတင်းပတ် တစ်ပတ်အတွင်း ကိုဗစ်ကူးစက်မှုကြောင့် ဆရာဝန်ဦးရေ ၂၀ ထက်မနည်း သေဆုံးခဲ့သည်ဟု  ပြီးခဲ့သည့် စနေနေ့က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို