ဘန်ဒါဆီရီဘီဂါဝမ်   ဒီဇင်ဘာ   ၁၁

ဘရူနိုင်းမျှော်မှန်းချက် ၂၀၃၅ ကို အကောင်အထည်ဖော်ရန်   နိုင်ငံသားတိုင်း    မှန်ကန်သောအတွေး အမြင်နှင့် အပြုသဘောဆောင်သော စိတ်ဓာတ်များချမှတ်ရန်လိုကြောင်း ဘရူနိုင်း ပြည်ထဲရေး ဝန်ကြီး  ဟာဂျီအာမာဒင်က ပြောကြားသည်။

ဘရူနိုင်းနိုင်ငံတွင်  ထုတ်ဝေလျက်ရှိသော    နေ့စဉ်ဘော်နီယို သတင်းလွှာအရ (၄၁) ကြိမ်မြောက် ဘရူနိုင်းနိုင်ငံသားလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဘရူနိုင်းဒါရုဆလမ်တက္ကသိုလ်၌  ဒီဇင်ဘာ ၁၀    ရက်က    ကျင်းပခဲ့ကြောင်း သိရသည်။

ဝန်ကြီး၏ မှတ်ချက်တွင် မှန်ကန်သော အတွေးအမြင်တွင် တာဝန်သိနိုင်ငံသားတစ်ဦးအဖြစ် မိမိ၏ အခန်းကဏ္ဍကို ကောင်းစွာနားလည်ခြင်း၊ တိုးတက်ရန်အတွက် အဆင်သင့်ဖြစ်နေခြင်းနှင့် တိုး တက်မှုအတွက် စိတ်ကို ဖွင့်ထားပေးခြင်းတို့ပါဝင်ကြောင်း  အလေးအနက်ပြောကြားထားသည်။

ဘရူနိုင်းမျှော်မှန်းချက် ၂၀၃၅ ကိုအကောင်အထည်ဖော်ရာတွင် နိုင်ငံသားများအဖြစ် မိမိတို့၏ အခန်း ကဏ္ဍသည်   အရေးကြီးကြောင်း  ၎င်းက   ဆက်လက်ပြောကြားသည်။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဘရူနိုင်းနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် အဖြစ် ဘရူနိုင်းမျှော်မှန်းချက်  ၂၀၃၅  ကို   ၂၀၀၈ ခုနှစ်တွင်  စတင်အကောင်အထည် ဖော်ခဲ့သည်။

အဆိုပါ မျှော်မှန်းချက်သည် ဘရူနိုင်းဒါရုဆလမ်ကို ပညာတတ်သော၊    အဆင့်မြင့်စွမ်းရည်ရှိသော၊         ဘဝအရည်အသွေး မြင့်မားသော၊ တက်ကြွပြီးရေရှည် တည်တံ့သော၊ စီးပွားရှိသော နိုင်ငံအဖြစ်သို့ ပြောင်းလဲဖော်ဆောင်ရန် ရည်မှန်းထားသည်။    

ဆင်ဟွာ