ထက်ဝေအောင်(စစ်ကိုင်း)
တောင်သူလယ်သမားများသည် နိုင်ငံ့အင်အားဖြစ်ပေသည်။ တောင်သူလယ်သမားတို့၏ ဘဝအလှ၊ လုပ်အား အရင်းအမြစ်များစွာသည် နိုင်ငံတစ်ဝန်းလုံးအတွက်အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်။ တောင်သူလယ်သမားများသည် ရိုးသားဖော်ရွေသူများ ဖြစ်ကြသည်။ မြန်မာ့စိတ်ရင်းအပြည့်ဖြင့် မြန်မာ့ဂုဏ်ကိုဆောင်နိုင်သူများလည်း ဖြစ်သည်။ နှမြောတွန့်တိုခြင်းကင်း၍ အလှူရေစက် လက်နှင့်မကွာရှိသူများ လည်းဖြစ်ပေသည်။ ကျေးလက်တောရွာများတွင် စပါး ပေါ်ချိန်၊ ပဲပေါ်ချိန်များတွင် အလှူပွဲကြီးများ ခြိမ့်ခြိမ့်သဲသဲကျင်းပလေ့ရှိသူများဖြစ်သည်။ လုပ်အားအရပ်ရပ်ဖြင့်ရှာဖွေထားသောငွေကြေးကို သံသရာခရီးအတွက်ကောင်းစွာ အသုံးချတတ်သူများလည်း ဖြစ်သည်။ အလှူ့ဒါယကာ၊ အလှူ့ဒါယိကာမများ၏ မျက်နှာထက်ပျော်တပြုံးပြုံး ရှိကြသည်။ မိမိသားသမီးရတနာတို့ကိုရှင်ပြု၊ နားသမင်္ဂလာအလှူပွဲများကို ဂုဏ်ယူစွာပြုလုပ်ကြသည်။

ကျေးဇူးတရား
တောင်သူဦးကြီးများ၏ ကျေးဇူးတရားကြီးမားပုံကိုအသေအချာဆန်းစစ်ကြည့်ပါက သိနိုင်ပါသည်။ မြန်မာ လူမျိုးများ၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပါသည်။ ထမင်းတစ်လုတ်စားနိုင်ရန် မလွယ်ကူလှသလို ဆန်တစ်စေ့ဖြစ်ထွန်းရန်မှာ မလွယ်ကူဟု တင်စားချင်ပါသည်။ တောင်သူအလုပ်သည် ပင်ပန်းလွန်းသော အလုပ်ဖြစ်ပါ သည်။ ထွန်ယက်ကြရသည်။ ပျိုးထောင်၊ ပျိုးကြဲ ပြုလုပ်ကြရသည်။ အထွက်နှုန်းကောင်းမွန်ရေး တတ်စွမ်းသည့်နည်းပညာများဖြင့် ကြိုးစားအားထုတ်ကြရသည်။ 


နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသရှိ လယ်ယာကဏ္ဍသာ ဖြစ်ပါသည်။ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရန်လိုအပ်လှပါသည်။ လယ်ယာစီးပွားလုပ်ငန်းများတွင်ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက်ဝယ်လိုအားကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသော သီးနှံစုံထုတ်လုပ်နိုင်မှုတို့ အချိန်နှင့်တစ်ပြေးညီ အောင်မြင်လာ ရမည်ဖြစ်သည်။


လယ်ယာကဏ္ဍသည် ပြည်သူများအားထားရသော ကဏ္ဍတစ်ခုဖြစ်ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အချိန်မီပြုပြင်သွား ရန် လိုအပ်သည်။ တောင်သူဦးကြီးများသည် စားရေး ရိက္ခာဖူလုံရေး အခန်းကဏ္ဍတွင် မရှိမဖြစ်အရေးပါနေသူများ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်၏ ရေတို၊ ရေရှည်စီမံကိန်းများတွင် လက်တွဲပါဝင်ခဲ့သူများ လည်းဖြစ်သည်။ 


ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် စီးပွားရေး မူဝါဒ ၁၂ ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပေသည်။ ပြည်သူကို ဗဟိုပြုသော ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ရှိပေသည်။ ထိုသို့ ဆောင်ရွက်ရာ တွင် စားနပ်ရိက္ခာဖူလုံရေးနှင့်လယ်ယာ၊ သားငါးကဏ္ဍကို ချန်လှပ်ထားရှိရန် မဖြစ်နိုင်ပေ။ စားနပ်ရိက္ခာထုတ်လုပ်မှုကဏ္ဍ အဆင့်အတန်းမြင့်မား လာစေရန် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ ခေတ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုတွေ့ရပါသည်။ မိရိုးဖလာလုပ်ကွက်ငယ်လယ်မြေများကို စက်မှုလယ်ယာစနစ် ဖော်ဆောင်သွားရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းများ ပိုမိုတိုးပွားလာရေးနှင့်လယ်ယာကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးတို့မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိပါသည်။


တောင်သူဦးကြီးများ အဓိကရင်ဆိုင်ကြရသည့်ပြဿနာမှာ မိုးလို၊ မိုးခေါင်၊ ရေကြီးရေလျှံပြဿနာများ ဖြစ်ပေသည်။ ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် မဆုံးရှုံးသင့်သော ထိခိုက်မှုများ မကြာခဏဖြစ်ပွားရလေ့ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် တောင်သူများ၏ ဥစ္စာအရင်းအနှီး ဖြစ်ပေသည်။ တောင်သူနှင့် လယ်ယာမြေသည် အတူဒွန်တွဲတည်ရှိနေပေသည်။ ဖြစ်ပေါ်လာသော အခက်အခဲနှင့် ဆုံးရှုံးမှုများကို တွန်းလှန်နိုင်သည့် စိတ်ဓာတ်များလည်း ရှိသည်။ လဲလျှင် ပြန်ထနိုင်ကြသည်။ 


တောင်သူဦးကြီးတို့၏ ဘဝနေနည်းက ငြိမ်းချမ်း လွန်းလှပါသည်။ လယ်ယာလုပ်ငန်းခွင်ကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်ကြသည်။ နံနက်စောစောတွင်ခလောက်သံတညံညံဖြင့် လယ်တောဝင်ရန် ပြင်ဆင်ကြသည်။ ြွေမမကြောက်၊ ကင်းမကြောက်၊ ဆူးငြောင့်မကြောက်သည့်အလား အေးအေးလူလူ သွားလာလှုပ်ရှား သည်။ နေပူ၊ မိုးရွာမရှောင် တောင်သူဦးကြီးတို့ လုပ်အားပြသကြသည်။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးကို ခါးစောင်းတင်ပြီး မညည်းမညူ လောကဓံတရားကို ကောင်းစွာရင်ဆိုင်နိုင်ကြသည်။ လယ်ကွင်းပြင်မှာ နွားနှင့်ယှဉ်ကာ ရုန်းကန်စဉ်ကပင် ချွေးမြေကျ စိုက်ပျိုးခဲ့ကြသည့်တောင်သူများ၏ လုံ့လ၊ ဝီရိယကို ချီးကျူးရမည်ဖြစ်သည်။ တောင်သူဦးကြီးတို့သည် မရှိမရှားဘဝကို ပိုင်ဆိုင်ထားသူများဖြစ်သည်။ ငွေကြေးဥစ္စာရှိသောသူက လှူသည်။ မရှိသူက မပူပန်၊ ငြိမ်းချမ်းသော စိတ်ထားမွေးမြူပိုင်ဆိုင်ထားသည်။

 

အခြေခံအဆောက်အအုံများ
သို့သော် တောင်သူလယ်သမား ဦးကြီးများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍ ခေတ်မီဆန်းသစ်ရေးက လက်တွေ့နယ်ပယ်ဒေသတွင် လိုအပ်လျက်ရှိသည်။ အခြေခံအဆောက်အအုံများဖြစ်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ လမ်းပန်းဆက်သွယ်ရေး အစရှိသဖြင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးပေး လိုက်နာဆောင်ရွက်ရမည့် လိုအပ်ချက်များကို အကျိုးဖြစ်ထွန်းစေသော လယ်ယာစီးပွား ခေတ်တစ်ခေတ်အဖြစ်ပြန်လည်ဦးမော့ တည်ဆောက်ရမည်ဖြစ်ပါသည်။ သို့မှသာ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝ တစ်ဟုန်းထိုး မြင့်မားတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးမှာ လည်း ဟန်ချက်ညီညီ ဖွံ့ဖြိုးစည်ပင်သာယာလာမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရက ပန်းတိုင် ကိုးရပ်သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပေသည်။လူနှင့်သက်ရှိသတ္တဝါတိုင်း နေ့စဉ် အသက်ရှင်သန်နေထိုင်နိုင်ရေးအတွက် ရေနှင့် အစာအာဟာရပြည့်ဝစွာရရှိရန်အမြဲလိုအပ်နေပါသည်။ ထမင်းအသက် ခုနစ်ရက်၊ ရေ အသက် တစ်မနက်ဆိုရိုးစကားအတိုင်း ရေသည်လူ့လောကအတွက် အဖိုးမဖြတ်နိုင်သည့် သဘာဝ သယံဇာတတစ်ခု ဖြစ်သည်။ ရေကိုအမှီပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အလေးထားလုပ်ဆောင်နိုင်သည်။ နိုင်ငံတော်အစိုးရက တောင်သူဦးကြီးများ ရေကို ထိရောက်စွာ အသုံးပြုနိုင်ရန် ဆည်တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းကြီးများဖြင့် ရေရှည်အသုံးပြုနိုင်မည့် အစီအမံများ ရေးဆွဲဖော်ဆောင်ပေးလျက်ရှိပါသည်။

 

ရေးကြီးသော သော့ချက်
အစာအာဟာရမရှိက ခုနစ်ရက်ထက်ပိုပြီး အသက်ရှင်သန်ရန် မဖြစ်နိုင်ပေ။ စား၊ ဝတ်၊ နေရေးဟူသော အရေးသုံးပါးက နေ့စဉ်မလွဲမသွေ ရင်ဆိုင်ကြုံတွေ့နေကြရ သည်။ ထိုအခြေခံလိုအပ်ချက်များမှာ သေသည့်တိုင်ရှိနေမည့် လူ့လောကအရေးကိစ္စများသာ ဖြစ်ပါသည်။ အစာအာဟာရသည် လူကိုကြီးထွားရှင်သန်စေသည်။ ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ကို တိုးတက်ကောင်းမွန်စေ သည်။ အာဟာရဓာတ်များ ပြည့်ဝလာသည်နှင့်အမျှ လူမှာ လန်းဆန်းတကြွ်ကနေတတ်သည်။ အလုပ်ထဲမှာလည်း စိတ်ကိုပျော်ရွှင်စွာ ထားနိုင်စေသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးစလုံးညီမျှလျက် သက်ရှည်ကျန်းမာ စိတ်ချမ်းသာသည့် လူတစ်ယောက်ဖြစ်လာရေးက အာဟာရဓာတ် လုံလောက်စွာရရှိနိုင်မှသာ ဖြစ်နိုင်ပါသည်။ 
ယနေ့က္ဘာတစ်ဝန်းလုံးကို နှိုင်းစာကြည့်လျှင်စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ကို တွေ့ကြရ မည်ဖြစ်ပါသည်။ ထို့အတူ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း ထောင်စုနှစ်ရည်မှန်းချက်အဖြစ်သတ်မှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်နေ သည်ကို တွေ့ရပေသည်။ က္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ လူ့လောက အသိုက်အဝန်းတစ်ခုလုံးအတွက် ရည်ရွယ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁၇ ရပ်ချမှတ်လျက် ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစား အစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စသောအချက်များကို ဦးစားပေးချမှတ်ထားသဖြင့် တောင်သူလယ်သမားဦးကြီးများ၏ အခန်း ကဏ္ဍမှာ အလွန်ပင်အရေးပါနေသည်ကို တွေ့ရပါသည်။ 


အရင်းအနှီးနှင့်နည်းပညာ
စားနပ်ရိက္ခာဈေးနှုန်း၊ ကုန်စည်ဈေးနှုန်းများ တိုးတက်မြင့်မားခြင်း၏ အဓိကဇာစ်မြစ်မှာ လယ်ယာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့် ဖြစ်ပါ သည်။ ဒေသခံများမှာလည်း တစ်နေ့တခြား လယ်ယာ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည်။ တစ်နှစ်ထက်တစ်နှစ်အားကောင်းမောင်းသန် ယောကျာ်းသားများ ပြည်ပ တိုင်းတစ်ပါးသို့ ထွက်ခွာလျက် အလုပ်လုပ်ကိုင်နေကြ သဖြင့် လယ်ယာကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရခြင်း ဖြစ်သည်။ ထိုပြဿနာများကို ကုစား ကျော်လွှားနိုင်သည့် နည်းလမ်းမှာ လက်မှုလယ်ယာစနစ်မှစက်မှုလယ်ယာစနစ်သို့ တဖြည်းဖြည်း အသွင်ကူးပြောင်း ရန်ဖြစ်ပါသည်။ တောင်သူဦးကြီးများအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကြရာတွင် အရင်းအနှီး၊ နည်းပညာများ လိုအပ်လျက်ရှိနေသည်။ သို့ရာ တွင် စက်မှုလယ်ယာစနစ်သို့ လွယ်ကူစွာကူးပြောင်းနိုင်ရေး ခရီးမဝေး လက်တစ်ကမ်းမှ ကြံဆောင်အားထုတ်နိုင်ပြီဖြစ်သည်။ ခေတ်မီ လယ်ယာသုံးစက်ကိရိယာများကို အလှမ်းမဝေးစွာ စိတ်ကြိုက်ဝယ်ယူနိုင်ခွင့်ရှိပါသည်။ ခေတ်မီ လယ်ယာသုံး စက်ကိရိယာများဝယ်ယူရန် အခက်အခဲနှင့် ဆန ́မရှိပါက အစိုးရ၊ ပုဂ္ဂလိကမှ ငှားရမ်းပေးသည့် ထွန်၊ ထယ်များဖြင့်ရိတ်သိမ်းနိုင်သည်။ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်းသည် လယ်ယာကဏ္ဍလုပ်သားရှားပါးမှု ပြဿနာကိုကောင်းစွာကုစားနိုင်သည့် နည်းလမ်းတစ်ခုအဖြစ်ယုံကြည်မိပါသည်။

 

မိုးရေကို မှီခိုအားထားစိုက်ပျိုးခဲ့ကြရသည့်တောင်သူလယ်သမားဦးကြီးများအတွက် ဆည်ရေ သောက်စနစ်များ တည်ဆောက်ပေးနိုင်ခြင်းဖြင့်တစ်သီးစားမှ သီးထပ်သီးညှပ်များ တိုးတက်စိုက်ပျိုးနိုင်မည်လည်းဖြစ်သည်။ မိရိုးဖလာ လယ်ယာမြေများကိုစက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းခြင်းလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိအောင် ဖော်ဆောင်ရမည်ဖြစ်သည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေး၊ နိုင်ငံတကာဈေးကွက် ထိုးဖောက်တင်ပို့နိုင်ရေးက လယ်ယာစီးပွားကဏ္ဍအတွက် အရေးအပါဆုံး အချက်များဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင်လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာရပ်များဖွံ့ဖြိုးရန်အထူးလိုအပ်နေပါသည်။ ခေတ်မီနည်းပညာများဖြင့်ထုပ်ပိုး၊ သိုလှောင်၊ တင်ပို့ခြင်း အဆင့်ဆင့် တိုးတက်လာရ မည်ဖြစ်သည်။ သို့မှသာ အလေအလွင့်နည်းပါးလျက်အကျိုးအမြတ် ဖြစ်ထွန်းစေပါမည်။ အဆိုပါ ခေတ်မီနည်းပညာနှင့် သတင်းအချက်အလက်များ ကျေးလက်ဒေသအရောက် အကြားအလပ်မရှိ သိရှိရန်လည်း လိုအပ်ပါသည်။ ယနေ့အချိန်သည် မြို့၊ ရွာ၊ ဒေသ နယ်စည်းမခြားစွာ ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်ပါသည်။ တောင်သူဦးကြီးများမှာလည်း ခေတ်မီနည်းပညာများနှင့်ယဉ်ပါး အကျွမ်းတဝင်ရှိနေသူများ ဖြစ်လာကြသည်။ ထို့အပြင် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေစိုက်ပျိုးနိုင်မည့် သီးနှံများ၊ စိုက်နည်းစနစ်များကိုစနစ်တကျ ပြောင်းလဲပြုပြင် စိုက်ပျိုးထုတ်လုပ်လာခဲ့ကြသည်။ ကျေးလက်ဒေသတစ်ခုလုံး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာနိုင်ပြီး တောင်သူလယ်သမားများ၏ ဝင်ငွေမှာလည်း နှစ်ဆတိုးပွား နိုင်ဖွယ်ရှိပါသည်။ စားသုံးသူများအတွက် ဘေးကင်းလုံခြုံ အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ခြင်းဖြင့် လယ်ယာစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာ ခြင်းနှင့်အတူ စံချိန်စံညွှန်းပြည့်ဝသော သီးနှံများ နိုင်ငံတကာဈေးကွက်များသို့ ချိတ်ဆက်တင်ပို့နိုင်မည့်အခွင့်အရေးများလည်း အလေးသာရရှိနိုင်ပါသည်။

 

ဆုမွနြွေ်ခဂုဏ်ပြု 
အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ် ထုတ်လုပ်နိုင်ခြင်းသည် နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်သည့်အပြင် လူသားအားလုံး စားနပ်ရိက္ခာဖူလုံစေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးရာရောက်သည်။ က္ဘာတစ်ဝန်းလုံးရှိ ငတ်မွတ်ဒဏ်ခံစားနေရသော သက်ကြီးဘိုးဘွားများ၊ အမျိုးသမီး နှင့် ကလေးငယ်များ အစာရေစာပြတ်လပ်မှု ပြဿနာ ရပ်များကို ဖြေရှင်းပေးနိုင်သဖြင့် လူသားအကျိုးပြု လုပ်ငန်းများ စဉ်ဆက်မပြတ် ဖော်ဆောင်ပေးရာလည်း ရောက်ပါသည်။သို့ဖြစ်ရာ နိုင်ငံ၏ရေမြေသဘာဝ သယံဇာတ ပြွေါကယ်ဝမှု၊ ကောင်းမွန်သည့် ရာသီဥတု၊ ရိုးသား ဖြူစင်လှသည့် တောင်သူလယ်သမားထု၏ ပေါင်းစည်း အင်အားဖြင့် အမျိုးသားအကျိုးစီးပွားကဏ္ဍ မြှင့်တင်ရန်အချိန်အခါကောင်းတစ်ရပ်ဖြစ်ပါသည်။ တောင်သူလယ်သမားများ၏ ကြိုးစားအားထုတ်မှု၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ တူညီသော ပူးပေါင်းဆောင်ရွက်မှုများက နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက် လွန်စွာအရေးကြီး လှပါသည်။ သို့မှသာ နိုင်ငံတစ်ဝန်းလုံး ကွင်းလုံးပြည့်စိမ်းလန်းခြင်းရလဒ်ကောင်းများဖြင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍ ဦးမော့လာမည်ဖြစ်သည်။ မတ်လ ၂ ရက်နေ့သည် ကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများကိုဂုဏ်ပြုသော တောင်သူလယ်သမား နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကောင်းကျိုးလိုအင်ဆန ́များ ပြည့်ဝခြင်း၊ အဆင်မြင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် ဝင်ငွေနှစ်ဆတိုးတက်ခြင်းများဖြင့် ဆန ́နှင့်ဘဝ ထပ်တူကျ အောင်မြင်ကြပါစေကြောင်း၊ နိုင်ငံ့အကျိုးပြု တောင်သူလယ်သမားဦးကြီးများကို ဆုမွနြွေ်ခ ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ကြေးမုံ