ကမ်ပါလာ   ဇူလိုင်  ၂၀

ယူဂန်ဒါနိုင်ငံသည် ကာလရှည်ကြာမိုးခေါင်ရေရှားမှုကြောင့် သီးနှံများပျက်စီးပြီး အစားအစာရှားပါးမှု  ဖြစ်ပေါ်လာသဖြင့်  နိုင်ငံ့အရှေ့မြောက်ပိုင်းရှိ  မိုးရေရှားသော ကာရာမိုဂျာဒေသအတွက် အရေးပေါ် စားရေရိက္ခာကူညီရေးအစီအစဉ်ကို ဇူလိုင် ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့သည်။

ပြောင်းဖူးမှုန့်နှင့် ပဲခြောက်များအပါအဝင် အရေးပေါ်စားရေရိက္ခာ ၉ ဒသမ ၄ သန်းကီလိုဂရမ်ကို ယင်းဒေသရှိ ခရိုင်ကိုးခုအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၈၀ မှ အိမ်ထောင်စု ၃၁၃၉၈၇ စုထံ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရိုဘီနာ နက်ဘ်ဘန်ဂျာက မြို့တော် ကမ်ပါလာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစိုးရသည် ကာရာမိုဂျာပြည်သူများနှင့်အတူ  ရပ်တည်လျက်ရှိကြောင်း၊ ၎င်းတို့၏ ပြန်လည် ထူထောင်ရေးကို အထောက်အကူပြုရန်နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကို ခံနိုင်ရည်ရှိစေရန် လိုအပ်သောအရင်းအမြစ်များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ရိုဘီနာက ပြောသည်။

ဆင်ဟွာ