ပါရီ နိုဝင်ဘာ ၁၁

 

ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်က နိုဝင်ဘာ ၉ ရက် ညနေ ပိုင်းက နိုင်ငံ့စွမ်းအင်လွတ်လပ်မှုကို အာမခံပေးရန် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်းကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

နိုင်ငံသို့ ပြောကြားသော မိန့်ခွန်းတွင် မက်ခရွန်က လောင်စာဆီ ဈေးနှုန်းများ ကြီးမြင့်လာခြင်းနှင့် ဓာတ်ငွေ့နှင့် လျှပ်စစ်စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာခြင်းကို မကြာသေးမီက ပြင်သစ်ပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေကို တုံ့ပြန်သောအားဖြင့် ဆယ်စုနှစ်များအတွင်း ပထမဆုံးအနေဖြင့် နိုင်ငံအတွင်း နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ခြင်းကို ပြန်လည်စတင်တော့မည် ဖြစ်ကြောင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖွံ့ဖြိုးအောင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ပြင်သစ်နိုင်ငံ၏ စွမ်းအင်လွတ်လပ်မှုကို (အာမခံချက်ပေးလိုခြင်း၊ နိုင်ငံလျှပ်စစ်စွမ်းအင်ကို ထောက်ပံ့ပေးလိုခြင်း၊ ထို့ပြင် ၂၀၅၀ ပြည့်နှစ်မတိုင်မီ ကာဗွန် သုညအထိလျှော့ချရန် ရည်မှန်းချက် အောင်မြင်စေလိုခြင်း ဖြစ်ကြောင်း စသည်ဖြင့် မက်ခရွန်က ရှင်းပြသည်။

 

မက်ခရွန်က ဆက်လက်ပြီး စွမ်းအင်အတွက် သင့်တင့်သောငွေကြေးကို ပေးချေနိုင်ရန်နှင့် စွမ်းအင်အတွက် နိုင်ငံခြားတိုင်းပြည်များကို အမှီအခိုကင်းကင်းဖြင့် ရပ်တည်နိုင်ရန်အတွက် ပြည်သူလူထုအနေဖြင့် စွမ်းအင်ကို ချွေတာရန်နှင့် ပြင်သစ်နိုင်ငံတွင် ကာကွယ်ကင်းစင် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စသည်တို့ကို လုပ်ဆောင်သင့်ကြောင်း ပြောသည်။

ဆင်ဟွာ