ရန်ကုန် ၂၇ ဒီဇင်ဘာ
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲတို့အား “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ကျင်းပခဲ့ရာ စိစစ်အကဲဖြတ်ရေးအဖွဲ့ဖြင့် ဆုများရွေးချယ်သတ်မှတ်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲတို့၏ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၁)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel, Ballroom ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။
ဆုရရှိသူများသည် ဆုများလက်ခံရယူရေးနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖုန်းနံပါတ် ဝ၁-၂၀၁၉၃၆၊ ဝ၁-၃၇၁၃၄၀၊ ဝ၆၇-၃၄၁၂၅၅၃ သို့ ဆက်သွယ် ဆောင်ရွက်ကြပါရန် နှိုးဆော်ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်