ရန်ကုန်၊ ၃၁ ဇန်နဝါရီ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်က အွန်လိုင်းစနစ်ဖြင့် နိုင်ငံခြားဘာသာစကားအခြေခံ Level - 1 သင်တန်းများဖြစ်သည့် တရုတ် ၊ အဂ်လိပ် ၊ပြင်သစ် ၊ ဂျာမန် ၊ အီတာလျံ ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား ၊ စပိန် ၊ ထိုင်းနှင့်မြန်မာဘာသာ( နိုင်ငံခြားသားများအတွက် ) ဖွင့်လှစ်သွားမည်ဖြစ်သည် ။
သင်တန်းဝင်ခွင့်မှတ်ပုံတင်ခြင်းနှင့် သင်တန်းကြေးပေးသွင်းခြင်းများကို www.yufl.edu.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လက်ခံဆောင်ရွက်မည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် မိမိသင်ယူလိုသည့် ဘာသာစကားကို တိကျသေချာစွာရွေးချယ်ရမည်ဖြစ်သည်။ သင်တန်းကြေး ငွေကျပ်ခြောက်သောင်းသတ်မှတ်ထားပြီး မြန်မာဘာသာသင်ကြားမည့် နိုင်ငံခြားသားများသည် အမေရိကန်ဒေါ်လာ ၂၀၀ နှင့်ညီမျှသည့် မြန်မာကျပ်ငွေ(ပေါက်ဈေးအတိုင်း) ပေးသွင်းရမည်။ သင်တန်းကြေးများကို KBZ Pay , AYA Pay တို့ဖြင့်ပေးသွင်းရမည်။ သင်တန်းကြေးပေးသွင်းပြီးကြောင်း အီးမေးလ်လက်ခံရရှိမှသာ သင်တန်း တက်ရောက်နိုင်မည်ဖြစ်သည်။
သင်တန်းဝင်ခွင့် လျှောက်လွှာဖြည့်သွင်းရာတွင် အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ်သို့မဟုတ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း သို့မဟုတ် အမှတ်စာရင်းမူရင်း သို့မဟုတ် ဘွဲ့လက်မှတ်မူရင်းနှင့် ဓါတ်ပုံတို့ကိုတစ်ပါတည်း ပူးတွဲတင်ပြရမည်။ သင်တန်းအတွက် အွန်လိုင်းဖြင့် လျှောက်ထားရာတွင် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် အင်္ဂလိပ်ဘာသာ စကားသင်တန်း ၊ ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် တရုတ် ၊ ပြင်သစ် ၊ ဂျမန် ၊ အီတာလျံ ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား ၊ စပိန် ၊ ထိုင်းနှင့်မြန်မာဘာသာစကားတို့ကိုနံနက် ၉ နာရီခွဲမှစတင်၍ နိုင်ငံခြားဘာသာ တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် စတင်လျှောက်ထားရမည်။ သင်တန်းသား ဦးရေပြည့်ပါက မှတ်ပုံတင်ခွင့် အလိုအလျောက်ရပ်ဆိုင်းသွားမည်ဖြစ်သည်။
သင်တန်းဝင်ခွင့်ရရှိသည့် အမည်စာရင်းကို နိုင်ငံခြားဘာသာတက္ကသိုလ် ဝက်ဘ်ဆိုက်တွင် ဖေဖေါ်ဝါရီ ၈ ရက် နံနက် ၁၀ နာရီတွင် ကြေညာသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ ၁၀ ပတ်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းလျှောက်ထားလိုသူများသည် YUFL Facebook Page နှင့် အီးမေးလ် ssc @ yufl.edu.mm ဖုန်းနံပါတ်- (၀၁၅၁၅၂၃၆) (၀၉၂၅၄၀၃၂၇၄၄) တို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
အောင်သူရ


