ရန်ကုန် ၂၂ မေ
နိုင်ငံခြားဘာသာစကားများကို သင်ကြားတတ်မြောက်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ နိုင်ငံတကာမှာ အလုပ်လျှောက်ရာတွင် လွယ်ကူလျင်မြန်စေရန်အတွက် နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင်ကျင်းပသည့် အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် QR Code စနစ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်နှင့် Online မှတစ်ဆင့် ဆက်သွယ်သိရှိရသည်။
#MRTV


