၄ ဖေဖော်ဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ နှစ်စဉ်ဝင်ရောက်လာလျက်ရှိပြီး ယခုအခါတွင် မိုးကုတ်မြို့သို့ သွားရောက်လည်ပတ်ရာနေရာများနှင့် ခရီးစဉ်များကို တိုးမြှင့်လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခင်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရမဖွဲ့မှ စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ်ခရီးစဉ်အတိုင်း သွားလာကြရန်နှင့် လှည့်ပတ်သွားလာမှုကို မြို့တွင်းမြို့ပေါ်တွင်သာ ခွင့်ပြုပေးထားခဲ့သည်။
ယခုအခါ နိုင်ငံခြားသားခရီးသွားဧည့်သည်များအား မိုးကုတ်မြို့၏ သွားရောက်လည်ပင်ရန် ခွင့်ပြုထားသည့် မြို့တွင်းမြို့ပေါ်အပြင် ကျောက်ပြသာဒ်၊ ပန်လင်-ဘားနဒ်ကျေးရွာများသို့ ခရီးစဉ်တိုးမြှင့်လည်ပတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
MDN