နေပြည်တော် မေ ၂၃

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံမဟာဗျူဟာ နှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကိုယနေ့မွန်းလွဲ၁နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဉီးစွာပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေ အနေများ၊ ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) သဘာဝဘေးဒဏ်နှင့်ပတ်သက်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ပြည်ပနိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဘာသာရပ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင် ပြခဲ့ကြပြီး ပညာရှင်များ ရှုထောင့်မှ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာ ရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်