နေပြည်တော် ဇွန် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၄ ရက် နံနက် ၈ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ (၃)ထပ်ဆောင် အနောက်ဘက်နှင့် ငလိုက်ချောင်းဘေး မြေကွက်လပ်တို့၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများက ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ အသီးသီးတွင် ရတနာကျွန်းပင် ၃၈၂ ပင်၊ အုန်းချိုမွှေး အပင် ၁၂၀၊ စိန်တလုံးသရက်ပင် ၅၀ စုစုပေါင်း ၅၅၂ ပင်ကို စိုက်ပျိုးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ သစ်ပင်ပျိုးပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
သတင်းစဉ်