နေပြည်တော် ၃ ဇွန်

 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသို့ Huawei Technologies (Yangon) Co. Ltd မှ နှာခေါင်းစည်း(Face Mask) ၁၀,ဝ၀ဝ ကို အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာ Mr. Zhou Kai မှ ယနေ့ မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ လာရောက်လှူဒါန်းခဲ့ရာ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

Credit#Ministry of Foreign Affairs Myanmar