နေပြည်တော် အောက်တိုဘာ ၂၇
နိုင်ငံခြားရေးဝန်ကြီးဌာန မော်ကွန်းနှင့် စာကြည့်တိုက်ဌာနစုတွင် ထိန်းသိမ်းထားရှိသည့် မော်ကွန်းမှတ်တမ်းများကို မော်ကွန်းမှတ်တမ်းများ ဥပဒေနှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မော်ကွန်းမှတ်တမ်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မော်ကွန်းစံနှုန်းများနှင့် ကိုက်ညီသည့် မှတ်တမ်း ၁၉၄၉ စောင်၊ ဓာတ်ပုံ ၆၆၇၂ ပုံနှင့် မြေပုံ ၈၈၄ ချပ်တို့ကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်