ရန်ကုန်မြို့ရှိ အခြေစိုက် နိုင်ငံခြားသံရုံးများ၊ အဖွဲ့ရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဂုဏ်ထူးဆောင် ကောင်းစစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊ ပြည်ပစီးပွားရေး အဖွဲ့အစည်းများမှ နိုင်ငံခြားသား ကိုယ်စားလှယ်များ၊ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဏပ်တို့၌ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲ
ရန်ကုန်၊ ဧပြီ ၁၅
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် နှင့်ဇနီး၊ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးချုပ်ရုံးများမှ ကိုယ်စားများနှင့် ပြည်ပစီးပွားရေး အဖွဲ့အစည်းများမှ နိုင်ငံခြားသား ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၏ မိသားစုဝင်များသည် ယနေ့သင်္ကြန်အကြတ်နေ့ နံနက် (၁၀) နာရီတွင် ပြည်သူ့ရင်ပြင် လမ်းလျှောက် သင်္ကြန်ပွဲတော်နှင့် ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဏပ်တို့၌ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြသည်၊၊
ဦးစွာ ဒုတိယဝန်ကြီးနှင့်ဇနီး သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး သင်္ကြန် ယိမ်းအဖွဲ့လုံမပျိုလေးများက သပြေခက်များဖြင့် ရေပက်ဖျန်းကြသည်၊၊
ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ရေကစားကြသည့် ဒုတိယဝန်ကြီးနှင့်ဇနီး၊ သံတမန်များနှင့် ဧည့်သည်တော်များသည် ယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အနုပညာရှင်များ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ အနုပညာရှင်များက သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ဒုတိယဝန်ကြီးနှင့်ဇနီး သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်အား လည့်လှည်ကြည့်ရှုကြပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ရေကစားကြသည်၊၊
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ဒုတိယဝန်ကြီးနှင့်ဇနီး သံတမန်များနှင့်ဧည့်သည်တော်များသည် ရန်ကုန်မြို့တော်မဟာ သင်္ကြန်မဏ္ဏပ်သို့ရောက် ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး သင်္ကြန်ယိမ်းအဖွဲ့ လုံမပျိုလေးများက သပြေခက်များဖြင့် ရေပက်ဖျန်းကြသည်၊၊
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဏပ်တွင်လာရောက် ရေကစားသည့် ဒုတိယဝန်ကြီးနှင့် ဇနီး သံတမန်များနှင့် ဧည့်သည်တော်များသည်၊ နတ်ယိမ်းအက၊ အကယ်ဒမီနေအောင်၊ တေးသံရှင် ဝိုင်းလမင်းအောင်တို့၏ မြူးကြွသော သင်္ကြန်သီချင်း ဖျော်ဖြေတင်ဆက်မှု၊ ဧည့်သည်တော် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump က မြနန္ဒာသီချင်းဖြင့် သီဆိုပြီး ယိမ်းအဖွဲ့က တွဲဖက်က ပြဖျော်ဖြေတင်ဆက် မှုကို ကြည့်ရှု အားပေးကြသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ဒုတိယဝန်ကြီးနှင့်ဇနီး သံတမန်များနှင့် ဧည့်သည်တော်များသည် ရန်ကုန်မြို့တော် မဟာ သင်္ကြန်မဏ္ဏပ်ရှေ့ရှိ မဟာဗန္ဓုလပန်းခြံလမ်း၊ လမ်းလျှောက်သင်္ကြန်အား လှည့်လည် ကြည့်ရှုကြပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်ဇနီး သံတမန်များနှင့် ဧည့်သည်တော်များအား မြို့တော်ခန်းမရှိ ပထမထပ် ခန်းမကြီး၌ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံသည်၊၊
ယနေ့သင်္ကြန် အကြတ်နေ့တွင် ပြည်သူရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဏပ်တို့၌ ရေပက်ခံထွက်သူ ရေကစားကြသူများဖြင့် စည်းကားလျှက်ရှိရာ ဖျော်ဖြေရေးအစီစဉ်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန် သီချင်းအကတို့ဖြင့် ယှဉ်ပြိုင်သူများအပြင် လာရောက်လည် ပတ်ကြသူများဖြင့်စည်းကား လျှက်ရှိသည်၊၊
သတင်း၊ကိုကိုဇော်
ဓါတ်ပုံ- ဇော်မင်းလတ်၊ ရဲထွဋ်