မြောင်းမြ  ၂၀  ဖေဖော်ဝါရီ

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန်က မြောင်းမြမြို့သို့ ရောက်ရှိပြီး မြောင်းမြမြို့ သမိုင်းအမွေအနှစ် လက်ရာများရှိနေသေးသည့် လွန်ခဲ့သော နှစ် (၁၀ဝ)ခန့်က ဗြိတိသျှအုပ်ချုပ်ရေးခေတ် အဆောက်အဦလက်ရာများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်မြို့နယ် တရားရုံး စသည့်ရှေးဟောင်းအမွေအနှစ်လက်ရာများနှင့် နိုင်ငံတော်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတို့သို့ ရောက်ရှိလေ့လာပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

 

‌ေ

 

ထို့အပြင်  ရှေးသမိုင်းဝင် စကြာသီဟ၊ စကြာနန္ဒစေတီတော်၊ ရွှေသာလျောင်းဘုရား၊ ဒီးဒုတ် ဦးဘချိုရုပ်တုရင်ပြင်နှင့် အခြား အထင်ကရနေရာများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ ကမ္ဘာလှည့်ခရီးသည်များတွင် ဗြိတိန်နိုင်ငံသူ (၁)ဦး ၊ နော်ဝေနိုင်ငံသူ/နိုင်ငံသား (၂၆)ဦး ၊ စုစုပေါင်း(၂၇)ဦးတို့ လိုက်ပါလာပြီး  Royal Voyage Co.Ltd အစီအစဉ်ဖြင့် အပျော်စီးသင်္ဘော RV Kamee Pandaw သင်္ဘောဖြင့် မန္တလေး ၊ ရန်ကုန် ၊ ဖျာပုံ ၊ ဘိုကလေး ၊ မော်လမြိုင်ကျွန်းမှ မြောင်းမြမြို့သို့ ရောက်ရှိ ညအိပ်လေ့လာကာ နောက်တစ်နေ့တွင် ပုသိမ်မြို့မှ ချောင်းသာကမ်းခြေသို့ သွားရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

 

‌ေ

 

အောင်မင်း(မြောင်းမြ)