နိုင်ငံခြားသား လုပ်သားတွေအတွက် အမေရိကန်နိုင်ငံ ဝင်ခွင့်ဗီဇာကို နှစ်ကုန်ပိုင်းအထိ ရပ်ဆိုင်းထားမယ်

၂၃ ဇွန်

 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  နိုင်ငံခြားသား လုပ်သားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကို ဒီနှစ်ကုန်ပိုင်းအထိ ရပ်ဆိုင်သွားမယ်လို့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

 

 

ပြည်ဝင်ခွင့်ဗီဇာဆိုရာ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေ အများဆုံးအသုံးပြုတဲ့ H-1B ဗီဇာအမျိုးအစားပါ ပါဝင်ကြောင်း သိရပါတယ်။

 

 

အဲဒီလို နိုင်ငံခြားသားတွေကို ဗီဇာမပေးတော့တဲ့အတွက် လုပ်ငန်းပေါင်း ၅၂၅,ဝ၀ဝ ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အမေရိကန် နိုင်ငံသားတွေအတွက် ဖြစ်နိုင်ကြောင်း၊ သမ္မတက အမေရိကန် နိုင်ငံသားတွေ လုပ်ငန်းခွင်တွေဆီကို အမြန်ဆုံး ပြန်ရောက်ရေးကို ဦးတည်ထားကြောင်း အစိုးရအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

 

 

လွန်ခဲ့တဲ့ နှစ်လက နိုင်ငံခြားသား လုပ်သားတွေကို ဗီဇာရပ်ဆိုင်းထားတဲ့ ရက် ၆၀ ဟာ တနင်္လာနေ့ညပိုင်း ပြည့်မှာဖြစ်တဲ့အတွက် အဲဒီအမိန့်ကို နှစ်ကုန်ပိုင်းအထိ ရက်တိုးလိုက်တာ ဖြစ်ပါတယ်။

 

 

နှစ်စဉ် နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေ အများဆုံး အသုံးပြုတဲ့ H-1B ဗီဇာအမျိုးအစားကို နိုင်ငံခြားသားလုပ်သား ၈၅,ဝ၀ဝ ဦးကို ပေးရလေ့ရှိကြောင်း သိရပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ကပ်ရောဂါကြောင့် လူပေါင်း ၄၅.၇ သန်းဟာ လုပ်ငန်းခွင်တွေမှာ မရှိတာကို တွေ့ရပေမယ့် အလုပ်တွေအားလုံး ပြန်ဖွင့်ချိန်မှာတော့ အများစုဟာ လုပ်ငန်းခွင်ကို ပြန်ရောက်မယ့် သူတွေလို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

222