ရန်ကုန် ၂၉ အောက်တိုဘာ

အာရှဒေသရှိ စတော့ဈေးကွက်များတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော အခြေ အနေ၊ အကြောင်းအရာ၊ တိုးတက်မှုအကြောင်း သတင်းမီဒီယာတွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိတ်ချိန်း၌ ကျင်းပခဲ့သည်။

အဆိုပါသတင်းမီဒီယာတွေ့ဆုံပွဲ၌ ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဉီးသက်ထွန်း ဉီးက အမှာစကားပြောကြားပြီး အာရှနိုင်ငံများရှိ စတော့ဈေးကွက်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုပြုခြင်းဖြင့် ဖြစ်ပေါ်လာသော တိုးတက်ပြောင်းလဲမှုအခြေအနေများကို ဂျပန်နိုင်ငံ DIR မှ သုတေ သနမှူးချုပ်နှင့်မန်နေးဂျင်းဒါရိုက်တာ Ryota Sugishita က ရှင်းလင်းပြောကြားခဲ့သည်။

အာရှဒေသမှာရှိတဲ့ စတော့အိတ်ချိန်းတွေအတော်များများ၊ အရှေ့တောင်အာရှမှာရှိတဲ့ စတော့အိတ်ချိန်းအား လုံးနီးပါးက နိုင်ငံခြားသားပါဝင်မှုကို ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ တစ်ချို့က ရာနှုန်းပြည့်ခွင့်ပြုတာရှိသလို တစ်ချိူ့က အချိုးအစားနဲ့ခွင့်ပြုတာရှိတယ်။ အရေးကြီးတာနဲ့ အရေးမကြီးတဲ့ကဏ္ဍဆိုပြီး ခွဲခြားခွင့်ပြုတာတွေ ရှိသလို နိုင်ငံတကာဈေးကွက်တွေမှာ နိုင်ငံခြားသားပါဝင်မှုပြုတယ်ဆိုတာ သူတို့နိုင်ငံအတွက် အရေးကြီးလို့ အရေးပါလို့ ခွင့်ပြုတာဖြစ်ပါတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဉီးသက် ထွန်းဉီးက ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ ယနေ့ကျင်းပသော သတင်းမီဒီယာတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ စတော့ဈေးကွက် အခြေအနေအညွှန်းကိန်းများအကြောင်း၊ အာရှနိုင်ငံများ၌ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအား စတော့အိတ်ချိန်း တွင် ပါဝင်ခွင့်ပေးခြင်း၊ ထိုသို့ပါဝင်ခွင့်ပေးခြင်းကြောင့် ကြီးမားသောအကျိုးသက်ရောက်မှုကို ရရှိစေမည်ဖြစ် ကြောင်းတို့ကို အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများရှိ စတော့ဈေးကွက် အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်ပြောကြားခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း