ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပြီး ကောလာဟလ သတင်းများ ထုတ်ပြန်၍ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ အွန်လိုင်းထက်ရှိ ကောလာဟလ သတင်းအချို့ကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြပြီး မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ အချိန်မီ အသိပေးထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် Online Booking တင်၍ QR စနစ်ဖြင့် လူဦးရေ ၂၇၀၀ နှုန်းဖြင့်လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်းလည်းကောင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိသည်။ ယင်းအပြင် ကောလာဟလသတင်းများ ထုတ်ပြန်၍ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

MT